အင်ဆူလင်(Insulin)
MP3•Thuis aflevering
Manage episode 443290512 series 3605191
Inhoud geleverd door Health@Home. Alle podcastinhoud, inclusief afleveringen, afbeeldingen en podcastbeschrijvingen, wordt rechtstreeks geüpload en geleverd door Health@Home of hun podcastplatformpartner. Als u denkt dat iemand uw auteursrechtelijk beschermde werk zonder uw toestemming gebruikt, kunt u het hier beschreven proces https://nl.player.fm/legal volgen.
- အင်ဆူလင်ဆိုသည်မှာ ကာဗွန်ဟိုက်ဒရစ် ချေဖျက်ဖို့အတွက် ခန္တာကိုယ်ထဲရှိ ပန်ကရိယလို့ခေါ် တဲ့ အစိတ်အပိုင်းကနေ ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။
- ခန္တာကိုယ်ထဲကနေ အင်ဆူလင် ကောင်းစွာ မထုတ်လွှတ်နိုင်သောအခါ သို့မဟုတ် အင်ဆူလင် ပြန်လည် အသုံးပြုမည့် ဆဲလ်များ ပျက်စီးသောအခါ အင်ဆူလင်ကို ထိုးဆေးအနေဖြင့် သုံးစွဲရတတ်ပါတယ်။
- အများအားဖြင့် အမျိုးအစား ၁ ဆီးချို နှင့် အချို့ အမျိုးအစား ၂ ဆီးချို တွင် သုံးရတတ်ပါတယ်။ မည်သို့သော လူမျိုးမှာ သုံးရသည်ကို တသတ်မတ်တည်း သတ်မှတ်လို့ မရနိုင်ပါ။
- မိမိ၏ ဆီးချိုအမျိုးအစားနှင့် ဖြစ်ရသည့် အကြောင်းအရင်းပေါ် မူတည်၍ ဆရာဝန်များက သုံးစွဲ သင့်မသင့် ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
- ဆီးချိုသွေးချိုများ အသုံးပြုရမည့် အင်ဆူလင် အမျိုးအစားဟာ ခန္တာကိုယ်ထဲတွင် အင်ဆူလင် ပြန်လည် အသုံးပြုသည့် ကြာချိန်ပေါ် မူတည်ပြီး အမျိုးအစားများစွာရှိပါတယ်။
- ထိုနည်းတူ သုံးရသည့် ပုံစံမှာလည်း ဘောပင် ပုံစံကဲ့သို့ တခါတည်းနှိပ်ပြီး သုံးလို့ရသည့် ပုံစံမျိုးရှိသကဲ့သို့ ဆေးထိုးအပ်ထဲသို့ ဆေးစုပ်ပြီးမှ သုံးရသည့် ပုံစံလည်း ရှိပါတယ်။
- မိမိနှင့် သင့်လျော်သည့် ဆရာဝန်ညွှန်ကြားထားသည့် အင်ဆူလင်ထိုးဆေးများကို အသုံးပြုလို့ရပါတယ်။
120 afleveringen